ဒီဇာတ်ကားလေးမှာအဓိကကတော့တရုတ်ဖတ်တီးမင်း သားခေါ်ဆူမိုဟန်ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်အက်ရှင်ဒရာမာ ရောထားတဲ့ဇာတ်ကားကောင်း လေးတစ်ကားဆိုလည်းမမှားပါဘူး
မင်းသားအန်ဒီလျူ အပါအဝင်ဝါရင့်သရုပ်ဆောင်အများအပြားလည်းသ ရုပ်ဆောင်ထားတာမို့လည်းပရိတ်သတ်တွေအကြိုက် တွေ့မယ်ဇာတ်ကားတစ်ကားဖြစ်လာမှာဧကန်ပါပဲ
မြေးမလေးပျောက်ဆုံးသွားပြီးအရူးတစ်ပိုင်းဖြစ်ပြီး သောကပွေနေရသောအဖိုးကြီးဒင်
အိမ်နီးချင်းကောင် မလေးတစ်ယောက်ကိုမြေးမလေးအစားသံယောဇင် တွယ်တာမိပြီးအဖိုးအရင်းတစ်ယောက်လိုစောင့် ရှောက်ချင်ခဲ့သည့်ဒင်
ဒင်ကိုတစ်ဖက်သတ်သံယော ဇင်တွယ်မိနေသည့်အိမ်နီးချင်းကိုရီးယားလူမျိုးအဖွား ပက် အဖေနဲ့အမေကွဲနေသည့်အတွက်စိတ်ဒဏ်ရာရ ပြီးဒင်ကိုအဖိုးရင်းတစ်ယောက်လိုသံယောဇင်တွယ် မိနေသည့်သမီးလေးချယ်ရီလီထိုလူသုံးလေးဦးကြား တွင်တရုတ်မာဖီးယားဂိုဏ်းနဲ့ရုရှားမာဖီးယားဂိုဏ်းတို့ ရှုပ်ထွေးလာတဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲ
ရဲမှုး ဟောင်းတစ်ဦးအဖြစ်လဲသိုင်းပေါင်းစုံကျွမ်းကျင်တဲ့အဖိုး ကြီးဒင်ကကောချယ်ရီလီလေးကိုဘယ်လိုကာကွယ် စောင့်ရှောက်မလဲစသဖြင့်ဒရာမာအက်ရှင်ဟာသအစုံ အလင်ရသတွေနဲ့ပရိတ်သတ်တွေကိုရင်ခုန်မှုကိုပေး မယ့်ဇာတ်ကားတစ်ကားကိုကျွန်တော်(စိုးထွေး)ရဲ့၂၄ ကားမြောက်ဘာသာပြန်ကားလေးအဖြစ်တင်ဆက် လိုက်ပါတယ်အမြန်သာဒေါင်းလော့ဆွဲကြပါလို့တိုက် တွန်းလိုက်ပါရစေ
File Size : 780 MB
Quality : Blu ray 720P
Running Time : 1hr 39 minute
Format : Mp4
Genre : Action, Drama, Crime
Encoder : Joker.phs
Download And watch With Pcloud Link Full HD
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Soe Htwe ပဲ ဖြစ်ပါတယ်)
ဒီကားက နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်တဲ့ My Sassy Girlကို ပုံစံအသစ်တစ်မျိုးနဲ့ ပြန်ရိုက်ထားတဲ့ ဇာတ်ကားပါ။ My Sassy Girl နံပါတ် ၂ လို့ ပြောရင်လဲ ရပါတယ်။ မင်းသားက ၂ ကားလုံး အတူတူပါ။ ပထမကားဖြစ်တဲ့ My Sassy Girlက ၂၀၀၁ မှာ ထွက်ရှိခဲ့တာကြောင့် ၁၅ နှစ်ကြာမှ ပြန်ထွက်လာတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်း အကျဥ်းပြောရရင်တော့ ခပ်တုံးတုံးကောင်လေးနဲ့ ပြသနာ အမြဲရှာတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ် ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ခံစား ကြည့်ရှူလိုက်ကြပါဦး
File Size : 710 MB
Quality : Blu ray 720P
Running Time : 1hr 39 minute
Format : Mp4
Genre : Comedy, Romanc
Encoder : Joker.phs
Download And watch With Pcloud Link Full HD
Download And watch Pcloud Link Small File Size
(ဘာသာပြန်သူကတော့ Zayyar Htet ပဲ ဖြစ်ပါတယ်)

ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ အခုလက်ရှိထုတ်လွှင့်ပြသနေတဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။
ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။
သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။
File Size : 710 MB
Quality : Blu ray 720P
Running Time : 1hr 40 minute
Format : Mp4
Genre : Adventure,Comedy,Family
Encoder : Joker.phs
Download And watch With Pcloud Link Full HD
Download And watch Pcloud Link Small File Size
(ဇာတ်ကား ဘာသာပြန်သူကတော့ Min Thet Oo ဖြစ်ပြီး အညွန်းရေးသူကတော့ Moe Oo Mann ပဲ ဖြစ်ပါတယ်)

ဇာတ်လမ်းဖြစ်သလို..ယနေ့ပြန်ကြည့်တဲ့တိုင်လုံးဝမရိုးသေးပါ…
18+ ခေါင်းစဉ်တပ်ထားပါတယ်..တချို့အခန်းတွေကမိသားစုနဲ့အတူကြည့်ဖို့မသင့်တော်လို့ပါ
A Chinese Ghost Story စီးရီးတွေကို ရင်းနှီးပြီးကြားဖူးကြမယ်ထင်ပါတယ်..နောက်ပိုင်းမှာလူကြိုက်များ
လှတဲ့ မင်းသမီး liu Yifei ပါဝင်သရုပ်ဆောင်ထားတဲ့ကားတွေရဲ့ မူရင်းဇာတ်လမ်းအခံကတော့ 1987
မှာပထမဆုံးစတင်ထွက်ရှိခဲ့တဲ့ ဇာတ်ကားပါပဲ..ဗဟုသုတလေးအနေနဲ့ပြောရရင်..ဒီကားထဲက အဓိက
ဇာတ်ဆောင်ဖြစ်တဲ့မင်းသား Leslie Cheung ဟာ 2003 ခုနှစ် April 1 ရက်နေ့မှာ ဟောင်ကောင်မှာ
ရှိတဲ့ Mandarin Oriental Hotel ရဲ့ 24 ထပ်ကနေ ခုန်ချပြီး..အဆုံးစီရင်ခဲ့ပါတယ်…
မင်းသမီးဖြစ်တဲ့ Joey Wang ကတော့ အခုအချိန်မှာ အသက် ၄၈ နှစ်တောင် ဖြစ်နေပါပြီ…ဆက်ရအောင်
ကျွန်တော့်အမြင်အရပြောရမယ်ဆိုရင် A ChineseGhost Story စီးရီးတွေထွက်ခဲ့သမျှထဲမှာ 1987 မှာ ထွက်တဲ့ နံပါတ် ၁ နဲ့ 1990 မှာ ထွက်တဲ့ နံပါတ်၂လောက် ဘယ်ကားမှ မကောင်းပါဘူး…
လူသားကောင်လေးတစ်ယောက်နဲ့တစ္ဆေမလေးတစ်ယောက်
တို့ချစ်ကျွမ်းဝင်တဲ့ ဇာတ်ကားကို ဟာသလေးတွေနဲ့ လွမ်းမောဖွယ်ဇာတ်လမ်းလေးကို ပုံဖော်ရိုက်ကူး
ထားတာပဲဖြစ်ပါတယ်..ကျွန်တော်တို့ငယ်စဉ်ဘ၀တုန်းက ကြည့်မိတဲ့ဇာတ်ကားတွေထဲမှာ ရင်ထဲမှာ
စွဲကျန်နေခဲ့တဲ့ဇာတ်ကားထဲက တစ်ကားမျိုးပေါ့…IMDb Rate လည်း 7.6 ရရှိထားပါတယ်..
ဇာတ်လမ်းအညွှန်းလေးကိုခံစားကြည့်ရအောင်
လင်ချိုင်စံဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ရပ်ဝေးကနေ နယ်တခုကိုလာပြီးတော့ အကြွေးတောင်း
တဲ့သူပါ…လမ်းခရီးသွားလာရတာ ကြမ်းတမ်းပြီး သူခိုးဓါးပြများလည်းပေါများတဲ့အချိန်မို့လို့..သူ့အရင်
လာတဲ့သူတွေအသတ်ခံရတာပေါ့..လမ်းမှာမိုးတွေရွာပြီး အရမ်းစိုရွဲသွားလို့ အကြွေးစာရင်းတွေပါ
ပျက်စီးသွားခဲ့တယ်..အဲ့တော့ အကြွေးကလည်းတောင်းမရ..လူတွေကလည်း စာရင်းထဲမှာနာမည်မရှိရင်
ပိုက်ဆံ မပေးနိုင်ဘူးဆိုပြီး ပြောတော့ သူ့မှာနေစရာ စားစရာလုံးဝမရှိတဲ့ဘ၀ထိရောက်သွားပါတယ်..
ညဘက် တည်းဖို့ နေရာလိုက်ရှာတော့ ချောက်ချ ချင်တဲ့သူတစ်ယောက်က သစ်ခွ ဘုရားကျောင်းမှာ
တည်းပါလို့ ပြောလိုက်ပါတော့တယ်..တကယ်တော့ သစ်ခွ ဘုရားကျောင်းဟာ..သရဲတစ္ဆေတွေကြီးစိုးရာ
နေရာ..ဖြစ်ပါတယ်..ဒါကိုမသိတဲ့ လင်ချိုင်စံ တစ်ယောက် အူကြောင်ကြောင်နဲ့ ရောက်သွားပါတော့တယ်
နီစင်ချင် ဆိုတဲ့ကောင်မလေးဟာ ၀ိညာဉ်ပါ..သူဟာ စိတ်ကောင်းရှိပေမယ့် သူ့ကိုချုပ်ကိုင်ထားတဲ့
မကောင်းဆိုးဝါးကြီးကြောင့် လူတွေကို ခန္ဒာ နဲ့ လိုက်မြူဆွယ်ပြီး..မကောင်းဆိုးဝါးကြီးအတွက်သတ်လို့
ရအောင်လုပ်ပေးနေရပါတယ်…အူကြောင်ကြောင်နိုင်လှတဲ့ လင်ချိုင်စံ.ကိုတွေ့တဲ့အခါမှာ
သူ့မှာ လူကောင်းလေးကိုမသတ်ရက်လို့..မကောင်းဆိုးဝါးကြီးကိုအကြောင်းမကြားပဲလွှတ်ပေးလိုက်တဲ့
နောက်ပိုင်းကနေစပြီး..ရင်နင့်ဖွယ်..အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်လာရပါတယ်..
( 1987 ခုနှစ်က ထွက်ရှိထားတာဖြစ်ပေမယ့် Bluray720p ကိုရအောင်ရှာပြီး တင်ဆက်ပေးထားပါတယ် )
ခေတ်ကာလများ ကွာခြားမှုကြောင့်ဒီဘက်ခေတ် Bluray Version များလောက် ရုပ်ထွက်သိပ်
မကောင်းခဲ့ရင်သည်းခံကြပါလို့မေတ္တာရပ်ခံပါတယ် )
Filesize : 821 MB
Quality : 720p
Format : mp4
Run Time : 1h 38min
Subtitle : Myanmar Subtitle (Hardsub)
Translated By LK And Nyi Than Lwin
Encoded By LK

၁၉၈၆ခုနှစ် စက်တင်ဘာလမှာတော့အိန္ဒိယရဲ့ သတင်းခေါင်းကြီးပိုင်းအဖြစ်ပါလာခဲ့တဲ့ဖြစ်ရပ် တစ်ခုရှိခဲ့တယ်
ပန်အန်လေကြောင်းလိုင်း ၇၃ကိုအကြမ်းဖက်သမားတစ်စုကပြန်ပေးဆွဲခဲ့တဲ့အမှုဖြစ်ပါတယ်
ကြိုတင်စီမံမှုတွေနဲ့အတူအစွန်းရောက်အဖွဲ့ရဲ့ ပြန်ပေးဆွဲမှုဟာ တကယ့်ကို ထိတ်လန့်စရာပါ
သေနတ်တရမ်းရမ်း လက်ပစ်ဗုံး တကားကား နဲ့အကြမ်းဖက်သမားတွေကြားမှာ တန်ဆာခံခရီးသည်
၃၇၉ရဲ့အသက်ဟာ လက်ဖြောက်တစ်ချက်အတွင်း အသက်ပျောက်သွားနိုင်ပါတယ် ဒီလိုအခြေအနေမျိုးမှာ
နီဂျာလို့ခေါ်တဲ့လေယာဉ်မယ်လေးကြောင့် တန်ဆာခံအသေအပျောက်နည်းပါးစွာ လွတ်မြောက်ခဲ့ပါတယ်
သူရဲကောင်းဆိုတဲ့ ဝေါဟာရနဲ့ထိုက်တန်တဲ့သူကို ကျနော်တို့တွေ့ရခဲပါတယ် မထင်မရှား အားနွဲ့တဲ့
လေယာဉ်မယ်လေးကတော့ သူရဲကောင်းဆိုတဲ့ဘွဲ့နဲ့ထိုက်တန်ခဲ့ပါတယ် ခရီးသည်တွေရဲ့အသက်ကို
ဦးစားပေးပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကြားမှာ မျက်ရည်တွေကို ထိန်းချုပ်ရင်း ကိုင်တွယ်သွားတဲ့
ပုံကတော့အရမ်းကို အံသြစရာပါ
တကယ်တော့နီဂျာကခရီးသည်တွေရဲ့အသက် ကိုတင် ကယ်တင်ခဲ့တာမဟုတ်ပါဘူး နိုင်ငံရဲ့အုပ်ချုပ်မှု
ယန္တရားကိုပါကယ်တင်နိုင်ခဲ့တာပါ ဒီကားထဲမှာချီးကျူးရမှာ မင်းသမီးချော Sonam Kapoor အပြင်သူမရဲ့
အမေအဖြစ်သရုပ်ဆောင်တဲ့ Shabana Aamiကိုပါ သမီးးအတွက် ဗျာများနေတဲ့အမေတစ်ယောက်အဖြစ်
ရုပ်လုံးပေါ်တဲ့အပြင် တုန်ယင်နေတဲ့အသံတွေနဲ့ပြောစကားတွေကလွမ်းမောဖွယ် ဂန္တ၀င်တေး သွားတစ်ခု
လိုရင်ထဲရိုက်ခတ်နိုင်စွမ်းရှိလို့ပါ
ဒီဇာတ်ကားကြည့်နေရင်း အသက်ရှင်ဖို့အဓိကအစိတ်အပိုင်းဖြစ်တဲ့ လေထဲကအောက်ဆီဂျင်ကိုရှုနေရပါ့လား
ဆိုတဲ့အသိပါပျောက်သွားပါလိမ့်မယ်ငုတ်တုတ်မေ့သွားတယ်ဆိုတာ ကြီးကိုလည်း ခင်ဗျားကိုယ်တိုင်ကြုံဖူးသွား
လိမ့်မယ် ပရိတ်သတ်ကြီးကို ပြောချင်တာက ရင်ထဲဘာမှမခံစားခဲ့ရဘူးလို့ဆိုခဲ့ရင် သေချာတယ် ခင်ဗျားနှလုံး
သားက ကျောက်တုံးတွေနဲ့ဖွဲ့ဆည်းထားတာပါလို့ ကဲ IMDB 8.0 ရပြီဆိုကထဲက ထပ်မညွှန်းတော့ပါဘူး
ခံစားကြည့်လိုက်ပါဦးဗျာ............
File Size : 870 MB
Quality : Blu ray 720P
Running Time : 2hr 02 minute
Format : Mp4
Genre : Biography, Drama, Thriller
Encoder : Joker.phs
Download And watch With Pcloud Link Full HD
Download And watch Pcloud Link Small File Size
(ဇာတ်ကားဘာသာပြန်သူကတော့ Tariq Walkerဖြစ်ပြီး အညွန်းရေးသူကတော့ Pyae Phyoပဲ ဖြစ်ပါတယ်)
ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့ နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။
မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘ၀ပြန်ဝင်စားပြီး လူဘ၀နဲ့ကျင်လည်ကျက်စားပုံတွေ မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယတ်ခပ်အောင် ဗျာများနေရပြီးရသစုံအချစ်ဇာတ်လမ်းလေးတွေပေါက်ဖွားလာပုံတွေကို တွေ့ရမှာပါ
ထို့အပြင်ပဲ ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ စကားအလွန်များပစိပစပ်အလွန်နိုင်တဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေ ကို မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက် သူရဲ့အချစ်ရဆုံးမိန်းကလေး ဟာဘယ်သူဆိုတာနဲ့ လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘ၀ကိုပြန်လည် ရွေးချယ်ရင် သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့် သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့်အပြင် စိတ်ကိုလည်း အားမလိုအားမရဖြစ်ကာမရိုးမရွဖြစ်စေတဲ့ရသ ကိုလည်း ပေးနိုင်စွမ်းရှိတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းကိုတော့မပြောတော့ပါဘူး။Stephen Chow ကိုကျွန်တော် ယုံကြည်သလို ဒီဇာတ်ကားဟာလည်း အားလုံးငြင်းစရာမလိုအောင်ကြိုက်ကြမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် အထွေထူးညွှန်းမနေတော့ပါဘူး။ Chinese Odyssey Part 1: Pandora Box က Imdb Rating 7 .9 ထိရရှိထားပြီးတော့ ဒုတိယပိုင်းဖြစ်တဲ့ Chinese Odyssey Part 2 : Cindrella ကတော့ Imdb Rating 8.1 ထိတောင်ရရှိထားတာပါ။
ဒီဇာတ် ကား လေးကို အရင်က အပြင်က အခွေဆိုင်တွေမှာ၊youtubeပေါ်တွေမှာ ကြည့်ဖူးကြပေမဲ့ ရုပ်ထွက် သိပ်မကောင်းတာကြောင့် ကျွန် တော် တို့ Channel Myanmar မှ Quality is our Priority ဆိုတဲ့အတိုင်း အားလုံးကို အ ကောင်းမွန် ဆုံးအရည် သွေး တွေ ပေးချင် တာ ကြောင့်  Bluray Quality နဲ့ ရှာဖွေပြီး တင် ဆက် ပေးလိုက်ပါတယ် ။ အားလုံးအဆင် ပြေကြပါ စေခင် ဗျာ
ကျေးဇူးတင် ပါတယ် ခင် ဗျာ။
File Size : 700 MB & 780 MB
Quality : Blu ray 720P
Running Time : 1hr 27 minute, 1hr 28 Minute
Format : Mp4
Genre : Action, adventure,Comdey
Encoder : Joker.phs
Download And watch With Pcloud Link Full HD Part 1
Download And watch Pcloud Link Full HD Part 2
(ဘာသာပြန် နဲ့ အညွှန်း ရေးသူ Moe Oo Mann ဖြစ် ပြီး ဒီ နေ့မှာ ကျ ရောက် တဲ့ သူချစ် ရတဲ့ ကောင် မ လေးရဲ့ မွေး နေ့ အတွက် မွေး နေ့လက် ဆောင် အဖြစ် ဘာသာပြန် ပေးထားတာပဲ ဖြစ် ပါတယ် )